Home » » iOS တွင် ဇော်ဂျီ နှင့် ယူနီကုဒ် နှစ်မျိုးလုံး ဖတ်ရှုနိုင်ပြီ...

iOS တွင် ဇော်ဂျီ နှင့် ယူနီကုဒ် နှစ်မျိုးလုံး ဖတ်ရှုနိုင်ပြီ...



Internet အသုံးပြုသူများ ကြားထဲမှာ မြန်မာစာစနစ် နှစ်ခုဖြစ်တဲ့ “ဇော်ဂျီ” နှင့် “ယူနီကုဒ်” ရဲ့ အားပြိုင်လွန်ဆွဲပွဲဟာ အချိန်ကာလ ရှည်ကြားညောင်းခဲ့ပြီး ယခုလက်ရှိမှာတော့ ဇော်ဂျီဟာ လူအသုံးများသော မြန်မာစာဖောင့်တစ်ခု အဖြစ် ရပ်တည်နေပါတယ်..။ 

ဒါဟာ “ဇော်ဂျီ” စနစ်က ပိုကောင်းလို့လားဟု မေးလျှင် မဟုတ်ပါဟုသာ ပြန်လည်ဖြေကြားရပါလိမ့်မည်။ နိုင်ငံတစ်ကာအသိမှတ်ပြု မြန်မာစာစနစ် ဖြစ်လာမည့် ယူနီကုဒ်ကို ပညာရှင်များ ကြိုးစားရေးသားနေချိန်တွင် web font မြန်မာစာစနစ်အတွက် “ဇော်ဂျီ” က ဆေးမြီးတိုအဖြစ်နှင့် ထွက်ရှိလာခဲ့ပြီး သုံးစွဲသူများ လက်ထဲသို့ စောလျှင်စွာ ရောက်ရှိခဲ့ပါသည်။ ယူနီကုဒ်ဖြစ်လာနိုင်သည်ဟု ကြိုးစားခဲ့ကြပေမယ့် အဆုံးသတ်တွင် ယူနီကုဒ်အယောင်ဆောင် မြန်မာဝဘ်ဖောင့် တစ်ခုအဖြစ်သာ ရှိနေပြီး နိုင်ငံတစ်ကာအသိမှတ်ပြု မဖြစ်ခဲ့ပါချေ… 

ယူနီကုဒ်စနစ်ဖော်ဆောင်ရေးအတွက် အချိန်ယူလေ “ဇော်ဂျီ” က သုံးစွဲသူများဆီမှာ အရိုးစွဲလာလေ ဖြစ်ခဲ့ရပါတယ်။ ယခုအခါ နိုင်ငံတစ်ကာ အသိမှတ်ပြု (ISO-10646) ရရှိထားသော မြန်မာယူနီကုဒ် စာရိုက်စနစ်တို့က ပြီးပြည့်စုံသော သုံးစွဲရန်အသင့် အနေအထားထိသို့ ရောက်နေခဲ့ပါပြီ…

ယူနီကုဒ်စနစ်ကို နိုင်ငံတစ်ကာ အသိမှတ်ပြုလာကြသည့်အတွက် Apple ရဲ့ Mac OS နှင့် iOS တို့တွင် မြန်မာစာ (Burmese) language ကို ထည့်သွင်းပေးလာတာကို သတိပြုမိကြပါလိမ့်မည်..။
(လက်ရှိအနေအထားမှာ ဖောင့်ပုံစံအထာမကျသေးပေမယ့် အနာဂါတ်တွင် အပြည့်အဝ မှန်ကန်လာနိုင်ပါသည်)

iOS တွင်သာမက Android စနစ်သုံး mobile brand အချို့တွင် (ဥပမာ Sony Xperia) ကဲ့သို့သော Android phone များတွင်လည်း မြန်မာယူနီကုဒ်ဖောင့်ဖြစ်သည့် “Padauk” (ပိတောက်) ကိုထည့်သွင်းပေးထားသည့် အတွက် “ဇော်ဂျီဖောင့်” သွင်းရန် ရှုပ်ရှုပ်ရှက်ရှက် ခက်ခက်ခဲခဲ အဆင့်များကို ပြုလုပ်ရန် မလိုတော့ပဲ မြန်မာယူနီကုဒ်စနစ်နှင့် ရေးသားထားသော စာများကို လွယ်ကူမှန်ကန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်..။

Android phones များတွင် နာမည်အကြီးဆုံးနှင့် လူသုံးအများဆုံး ဖြစ်သည့် “Samsaung” ဖုန်းများအတွက်လည်း Root access ရသည်နှင့် မော်ဒယ်နိမ့်ဖုန်းများတွင်ပါ “မြန်မာယူနီကုဒ်” ကို လွယ်ကူစွာ ထည့်သွင်းနိုင်မည့် “Font Changer Lite” apk ရရှိနေပြီဖြစ်ပါတယ်...။

** အမှားကို အမှန်ဟု ထင်မြင်စေခြင်း **

Smart Phone ဈေးကွက်တွင် Android စနစ်သုံး mobiles များက ပိုမို၍ နေရာယူထားသည်မှာ မငြင်းပယ်နိုင်ပါ။ ထို့အတွက် Android phone Brands များက ဈေးကွက် ထိုးဖောက်ရာတွင် စာသုံးသူအကြိုက်ကိုလိုက်၍ (အမှားအမှန် သူဂရုမစိုက်) ဈေးကွက်ရလာရေးအတွက် “ဇော်ဂျီဖောင့်” ကို system ထဲတွင်ထည့်သွင်းပေးလာကြသည်များ ရှိနေပါသည်။ ထိုအခါ “ဇော်ဂျီ” သည် အသိမှတ်ပြုခံရသည်ဟု end-users အများစုက ထင်မှတ်နေတတ်ကြပါသည်။ အမှန်မှာ ထိုသို့မဟုတ် မြန်မာစာစနစ် မှန်ကန်ရေးကို သူတို့ ဂရုမစိုက်၊ ဖုန်းရောင်ရရေးသာ ဦးတည်ချက်ဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

** ဘာကြောင့် မြန်မာယူနီကုဒ်စနစ်ကို ပြောင်းသုံးသင့်သနည်း **

မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် File name များကို မြန်မာလိုပေးပြီး သိမ်းထာနိုင်သလို မြန်မာလို ပြန်လည်ရှာဖွေရာတွင်လည်း မှန်ကန်တိကျလွယ်ကူစွာ ရှာတွေ့နိုင်ပါလိမ့်မည်။
လူသုံးများလှသည့် နာမည်ကြီး web browser “FireFox” တွင် မြန်မာစာစနစ်နှင့် မှန်ကန်စွာ အသုံးပြနိုင်ပြီး (မြေပုံများ၊ အြခားဘာသာ နှင့် မြန်မာဘာသာကြား အပြန်လှန် ဘာသာပြန်ဆိုမှုများကို အနီးစပ်ဆုံး ဘာသာပြန်ပေးနိုင်ခြင်း)
ယူနီကုဒ်သည် စနစ်တစ်ခု ဖြစ်သည့်အတွက် အဆိုပါ စနစ်ကို အသုံးပြုခြင်းဖြင့် ကွန်ပျုတာက မြန်မာစာကို နားလည်ပြီးသား ဖြစ်သွားစေပါသည်။ ယင်း၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ရလာဒ်ကောင်းမှာ အနာဂါတ်တွင် မြန်မာဘာသာနှင့် mobiles, computers များကို voice commend နှင့် ခိုင်းစေလာနိုင်စွမ်းများ ရှိလာပါလိမ့်မည်။
“က” ဟူသော စာလုံးကို ဇော်ဂျီနှင့် ရိုက်သည့်အခါ “u” ကိုနှိပ်ရပါသည်၊ ထိုအခါ computer screen တွင် “က” ဟုပေါ်လာသည်မှန်သော်လည်း computer က တစ်ကယ်နားလည်သည်မှာ “u” ဟုသာဖြစ်သည် “က” မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဇော်ဂျီသည် အင်္ဂလိပ်ဖောင့်တစ်ခု၏ ယူနီကုဒ်စနစ်ကို ပြုပြင်ထားခဲ့သည့်အတွက် ဖြစ်သည် ထို့ကြောင့် ဇော်ဂျီကို နိုင်ငံတစ်ကာစံချိန်စံညွှန်းအရ ယူနီကုဒ်အဖြစ် လက်မခံခဲ့ခြင်းဖြစ်သည်။
မြန်မာယူနီကုဒ်စနစ်တွင်မှု “က” အတွက် ကီးဘုတ်တွင် “u” ကိုနှိပ်ရသည်မှန်သော်လည်း computer က “က” ဟု နားလည်သွားပါသည်။

** ယူနီကုဒ်ပြောင်းရာတွင် တွေ့ကြုံရမည့် လတ်တလော အခက်အခဲ **

လူအများစုက “ဇော်ဂျီ” ကိုသာ သွင်းထားပြီး ရေးနေကြသည့်အတွက် မိမိ၏ မိသားစုများ မိတ်ဆွေများနှင့် ဆက်သွယ်ရာတွင် လတ်တလောအတွက် အခက်အခဲ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ အရေးကြီးသည်က မိမိအဆင်ပြေရေးသည် ဦးစားပေးရမည်မှာ မှန်ပါသည်၊ သို့သော်လည်း အနာဂါ အလားအလာကောင်းများအတွက် အခါအခွင့် သင့်တိုင်း ယူနီကုဒ်သို့ ကြိုးစား၍ ပြောင်းလဲစေလိုပါသည်။ မိမိ၏ အသိုင်းအဝန်းကိုလည်း ပြောင်းလဲနိုင်မည့် နည်းလမ်းများကို ပြန်လည် လက်ဆင့်ကမ်း၍ မိမိကိုယ်တိုင်က စတင်ပြောင်းလဲပါ။

ကျွန်တော်တို့ နည်းပညာ ဖြန့်ဝေသော သူများဘက်ကလည်း ယူနီကုဒ် ပြောင်းလဲ သုံးစွဲနိုင်ရေးအတွက် သိရှိသမျှကို မချွင်းမချန် ဖော်ပြပေးသွားပါမည်..။


*********************************************

iOS အသုံးပြုသူများအတွက် iPhones, iPads, ipodTouch တို့တွင် “ဇော်ဂျီ” နှင့် “ယူနီကုဒ်” နှစ်မျိုးစလုံးကို မှန်ကန်စွာ ဖတ်ရှုနိုင်မည့် “profile” လေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်..

ပထမဦးစွာ Settings > General > Profile ထဲရှိ “Zawgyi-One” ကို Delete အရင်လုပ်ပါ။
ထို့နောက်
ဤနရော ကိုနှိပ်ပြီး profile install ပြုလုပ်ပါ။

ယခုဆိုရင် “ဇော်ဂျီ” “ယူနီကုဒ်” ကြိုက်တာနှင့် ရေးထားသမျှကို Facebook တွင်ပါ မှန်ကန်စွာ ဖတ်ရှုနိုင်ကြပါပြီ..

** သို့ပါကြောင့် iOS အသုံးပြုသူများ အနေနှင့် ဖတ်ရတာ ပြဿနာ မရှိတော့တဲ့အတွက် ကီးဘုတ်ကို “ယူနီကုဒ်” လက်ကွက် စနစ်သာ အသုံးပြုရေးသားပြီး နည်းလမ်းမှန်ကန်သော မြန်မာစာစနစ်ဆီသို့ အပြောင်းအလဲအတွက် တစ်တပ်တစ်အား ဦးဆောင်ပါဝင်ကြပါလို့ ကျွန်တော် မေတ္တာရပ်ခံပါရစေ **

** မြန်မာယူနီကုဒ် ကီးဘုတ်သွင်းရန် **

Settings > General > Keyboard > Keyboards တွင် Add Keyboard နှိပ်ပြီး “ttKeyboard” ကို ရွေးချယ်ပါ ထို့နောက် “MyanSan” ကို “ON” ပါ။
သွင်းထားပြီးသား “Zawgyi” ကို ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Delete လုပ်နိုင်ပါသည်။ 



Credit to : Myanmar Unicode org 

AD
Share this article :

0 comments:

Post a Comment

Social

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. PC WORLD - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger